Wednesday 23 October 2019

မြင်တတ်ရင် ကျေနပ်စရာတွေချည်းပါ

ကိုယ့်နောက်ကွယ်မှာမကောင်းကြံနေတာတွေကို ကြည့်ပြီး သူတို့တွေစိတ်ပင်ပန်းနေရှာမှာပဲ သနားစိတ်ကဝင်လာမိတယ် ။ 

သနားစိတ်တွေနဲ့ အတူ ကိုယ့်စိတ်တွေလည်း ပိုပြီးနူးညံ့လာစေခဲ့ပါတယ် ။ 
ကိုယ့်ကွယ်ရာမှာ ငါ့ကိုမကောင်းပြောနေတာကို ငါသိသွားရင်ဆိုတဲ့ စိတ်တွေရှိနေမှာပဲ ဂရုဏာစိတ်လေးဝင်ခဲ့ပြန်တယ် ။ 

ဂရုဏာစိတ်တွေနဲ့အတူ 
ကိုယ့်နှလုံးသားမှာလည်း 
ပိုငြိမ်းချမ်းစေခဲ့ပါတယ်။ 
ကိုယ့်နောက်ကွယ်မှာ မနာလိုစိတ်တွေနဲ့ တိုက်ခိုက်နေတာကို ကြည့်ပြီး ငါ့ကို ပျက်လိုပျက်စီး လုပ်နေတာ သူတို့စိတ်တွေပူလောင်နေရှာမှာပဲမေတ္တာစိတ်တွေ 
ယိုဖိတ်မိနေပြန်တယ် ။ 

မေတ္တာသာများများထားပေးလိုက်တဲ့အခိုက်တန့် သူ့အပူကိုယ့်စီမရောက်တော့ပဲ 
ကိုယ့်လိပ်ပြာလည်း 
သန့်ရှင်းနေစေခဲ့ပါတယ် ။ 

ကိုယ့်အပေါ်အမြဲတမ်း အသာစီးကဆက်ဆံနေလည်းစာနာစိတ်နဲ့ သဘောထားကြီးကြီးထား ဆက်ဆံပေးလိုက်တာ 
ကိုယ့်စိတ်တွေပိုပြီးတည်ငြိမ် 
ရင့်ကျက်လာစေပါတယ် ။ 

ကိုယ့်အပေါ် ဘယ်သူမကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မကောင်းသူအတွက်သူလုပ်သမျှကို ဘုရားက စီရင်လိမ်.မယ်ကိုယ်သာ အကောင်းဆုံးသည်းခံ
စိတ်မွေးမြူ နေထိုင်ရင်း 
ဒီဘဝမတင်မက နောင်ဘဝအထိ 
ငြိမ်းချမ်းမှုတွေပဲယူဆောင်
သွားလိုက်ပါမယ် ။ 
လောကကြီးထဲ နှစ်ဖက်မြင်တတ်ရင် ကျေနပ်စရာတွေချည်းပါပဲ ။ 

No comments:

Post a Comment