Friday 25 October 2019

ပိုကြောက်စရာ ကောင်းတဲ.သူ

🌷 ကန်းနေတဲ့မျက်လုံးထက် 
🌷 အဆိုးမြင်တတ်တဲ့မျက်လုံးက 
🌷 ပိုလို့ ကြောက်စရာကောင်းတယ်။ 

🌷 ဆွံ့အ,နေသောနှုတ်ထက် 
🌷 အပြောမတတ်တဲ့နှုတ်က 
🌷 ပိုလို့ ကြောက်စရာကောင်းတယ်။ 

🌷 ထိုင်းနေတဲ့နားထက် 
🌷 အကောင်းမကြားတတ်တဲ့နားက 
🌷 ပိုလို့ ကြောက်စရာကောင်းတယ်။

🌷 အတွင်းချိုနေတဲ့မျက်နှာထက် 
🌷 အပြင်မှာချိုပြနေတဲ့မျက်နှာက 
🌷 ပိုလို့ ကြောက်စရာကောင်းတယ်။ 

🌷 အတွင်းစိတ် ကောင်းသူထက် 
🌷 အပြင်စိတ်ထားကောင်းပြသူက 
🌷 ပိုလို့ ကြောက်စရာကောင်းတယ်။ 

🌷တွေ.တိုင်း ပြုံးမပြတတ်သူထက် 
🌷ဟန်ဆောင်ပြုံးပြ နုတ်ဆက်တတ်သူက 
🌷 ပိုလို.ကြောက်စရာ ကောင်းတယ်။

No comments:

Post a Comment