Wednesday 23 October 2019

ခဏလေး သည်းခံထားပါ

“ဟိုးအဝေးမှာ တိမ်တွေညိုနေတယ်
မကြာခင်မိုးရွာတော့မယ် 
ဟိုးအဝေးမှာ ငှက်တွေပျံနေတယ်
မကြာခင် မိုးချိန်းတော့မယ်

 ဟိုးအဝေးမှာ
လေတွေအရမ်းတိုက်နေတယ်
မကြာခင် မုန်တိုင်းလာတော့မယ် 
တစ်ချို့အရာတွေက တစ်ခုခုမဖြစ်ခင် လက္ခဏာပြလေ့ရှိတယ် ...

မင်းနဲ့ငါကြားက အေးစက်လာခြင်းက
ငါတို့အတွက် ဝေးကွာဖို့တွေလား
မကြာခင် လေပြင်းတွေကျလာ
မုန်တိုင်းတွေထန်ဖို့ပဲလား

🌪 ငါ့ဘဝရဲ့ အခက်အခဲတွေကျရောက်ဖို့ ရှုံးနိမ့်မှုတွေအရင်မြင်နေရတယ် ...
ဒါပေမယ့်လည်း သေချာတာက
ဘဝကဘယ်တော့မှ
လေပြင်းတိုက်မနေဘူး

အားလုံးငြိမ်သွားရင်
လေပြေလာလိမ့်မယ် 
ခဏလေးပဲသည်းခံထားပါ
အားတင်းတင်းထားပါ ခဏလေးပါပဲ လေပြေတွေတွေ့ရတော့မှာပါ

No comments:

Post a Comment