Saturday 21 September 2019

သင်မပိုင်သေးဘူး၊

သင်.မျက်နှာမှာ တပ်ထားတဲ. 
မျက်မှန်ကမှ သင်.မျက်မှန် သေချာတယ်၊ စားပွဲပေါာတင်ထားတဲ. 
မျက်မှန်ကို သင်မပိုင်သေးဘူး။ 

သင်ဝတ်ထားတဲ. ဘောင်းဘီက သင်.ဘောင်းဘီသေချာတယ်၊
သင်.ပိုက်ဆံနဲ. ဝယ်ပြီး အဝတ်ဘီဒိုထဲ ထည်.ထားတဲ. ဘောင်းဘီ အသစ်စက်စက်လည်း
သင်မပိုင်သေးဘူး။

သင်စားသောက်ပြီး သင်.ဗိုက်ထဲ
ဝင်ပြီးသော အစားအ‌သောက်ကမှ သင်.ရဲ. စစ်မှန်သော အစားစာ ဖြစ်တယ်။

မနက်စာ အတွက်ဝယ်ပြီး 
ရေခဲသေတ္တာထဲ. ထည်.ထားတဲ. 
အသား၊ငါး ပင်လျှင် ကိုယ်.အတွက် မသေချာသေးဘူးနော်။ 

နက်ဖြန်ရောက်ဖို. 
အဝေးကြီး လိုသေးတယ်။ 
သေခြင်းက အချိန်မရွေး ဝင်ရောက်နားခိုနိုင်သေးတယ်။
မနက်ဖြန်ထက် ပိုနီးတယ်။ 

ထာဝရအတွက် ဝိညဥ်ရေး
အကင်းပါးကြပါစို.။

No comments:

Post a Comment