Monday 23 September 2019

စစ်မှန်သော မေတ္တာဆိုတာ

လောကမှာ စစ်မှန်သောမေတ္တာသည် 
ရှားပါး ပစ္စည်းတခုလို ဖြစ်နေပြီ။ 
ဥပမာ - ကိုယ်မွေးသည်. 
သတ္တဝါ ဖြစ်ဖြစ် မမွေးသည်. 
သတ္တဝါဖြစ်ဖြစ်၊အချင်းချင်းပေါ် မေတ္တာထားရာမှာလည်း  
အယုတ်အလတ်၊ 
အမြတ်မရွေးသင်.ဘူး၊ 

မေတ္တာဆိုသည်မှာ အပေးအယူ 
မရှိသလို ချစ်သူခင်သူ
မုန်းသူဟူ၍ မခွဲခြားသင်.ဘူး။ 
သူ.ထံမှရမှ ငါ.ထံမှပေးမယ်၊ 
သူချစ်မှ ငါပြန်ချစ်မယ်ဆိုတာ မေတ္တာမစစ်တော.ဘူး။

 ငါကသာ ချစ်ပြီး 
သူကပြန်မချစ်ဘူး၊ 
ငါ.စေတနာကို 
စော်ကားရက်တယ်ဆိုတဲ. 
ပြစ်တင်မှုမျိုးမေတ္တာစစ်မှာ 
မရှိပါဘူး။ 

ဒါကြောင်. မေတ္တာစစ် 
မေတ္တာမှန်ဖြစ် ဖို.ဆိုတာ 
ဘယ်သူ.ကိုမဆို 
ပေးစရာရှိတာ ပေးလိုက်၊ 
ကျွေးစရာရှိတာ ကျွေးလိုက်၊ 
ကူညီစရာရှိတာ ကူညီလိုက်၊ ကိုယ်လုပ်ပေးတာကို အမှတ်မထား၊ 
ကိုယ်.ဆီ ပြန်လာဖို. ပြန်ရဖို.
 ပြန်စားရဖို. မစဉ်းစားရဘူး။ 

တုန်.ပြန် ရလိုမှု မျှော်လင်.ချက်
ရှိနေသူ၌မေတ္တာစစ်ဆိုတာရှိမနေဘူး။ ထို.ကြောင်. မေတ္တာစစ် 
မေတ္တာမှန် ထားနိုင်ကြပါစေ

No comments:

Post a Comment