Tuesday 8 March 2022

" မိန်းမ "ဖျက်ရင် ပြည်ပျက်မယ်

 ဒီစကားပုံကို လူတော်တော်များများက 

" မိန်းမ "ဖျက်ရင်  ....                                                    

ပြည်ပျက်မယ်လို့ ထင်ကြတာများပါတယ်။


ဒီစကားပုံ ဘာကြောင့်ပြောလဲ
ပါချပ် ဆရာတော်ကြီး Dr နန္ဒမာလာ ဘိဝံသ
ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။


( မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး )
( မ ဖျက်ရင်သာ ပြည်ပျက်တာပါ )
"မ"ဖျက်ရင်ပြည်ပျက်လိမ့်မယ် ဆိုတဲ့စကားကို
လူမှန်းသိစတဲက ကြားဘူးပါတယ်။
ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင် တားမြစ်ချက် ၊ 

လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် 

ကျင့်သုံးစရာ လိုက်နာစရာ
တွေရှိပါလိမ့်မယ်။

 
ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊
အန္တရာယ် ဖြစ်စေနိုင်တဲ့ သတိပေးစရာဖြစ်စေ
လုပ်ဆောင်ခွင့် မပြုသင့်တာမှန်သမျှ
"မ" အက္ခရာဖြင့် တားမြစ်ရေးသားတာတွေ ရှိပါတယ်။


ဥပမာ
ငါး မဖမ်းရ၊ ရေ မကူးရ၊
ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊
သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊
အများကြီးပါ။


ဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက
"မ" အက္ခရာကိုဖျက်ပြီးကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင်
စည်းကမ်းလိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ ဥပဒေတွေဟာ အလဟဿ
ဖြစ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းပြည်ပါ။

ပျက်စီးနိုင်မှာဖြစ်လို့ 'မ' ကိုမဖျက်ကြပါရန်
ရှေးမြန်မာစာဆိုကြီးတွေရဲ့
အဆို အမိန့်ဖြစ်ပါတယ်။
ဆရာတော် ဘုရားကြီးအား
အလွန် ကျေးဇူးတင် အပ်ပါတယ်။

Copy Credit

မတန်လွန်းလို.ပါကွာ

ဘဝမှာ မတန်တာတွေရှိတယ်
ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...
ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

 

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....

တန်မတန် စဉ်းစားဖို့လိုပါတယ်...တဲ့
အခုနောက်ပိုင်း ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ နေရာပေးဖို့ ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။


အဲ့တာကြောင့် တစ်ခါတစ်လေ 

မိမိအပေါ်မနာလိုအူတိုတိုက်ခိုက်နေသူတွေကို
တုန့်ပြန်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။


ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားနေဖို့လည်း
မတန်တာမို့  ဥပေက္ခာပြုတတ်လာတယ်။
မတန်ပါဘူး။အဆင့်အတန်းမတူလို့
တကယ်ကို မတန်တာပါ။


လူတယောက်ကို

👉 လူတစ်ယောက်ကို တကယ်ခင်လား...? (ရိုးသားပါ)
👉 လူတစ်ယောက်ကို တကယ်ချစ်လား...? (သစ္စာရှိပါ)

👉 လူတစ်ယောက်ကို တကယ်ပိုင်ဆိုင်ချင်လား...?
   (နားလည်တက်လာအောင် ကြိုးစားပါ)
👉 လူတစ်ယောက်ကို တကယ်လေးစားလား...?

   (တန်ဖိုးထားပါ)
👉 လူတစ်ယောက်ကို တကယ်ယုံလား...?
   (သံသယစိတ် မထားပါနဲ့)
👉 လူတစ်ယောက်ကို တကယ်စိတ်ပျက်နေလား...?
   (ပြတ်သားပါ)

👉 လူတစ်ယောက်ကို တကယ်ပျော်စေချင်လား...?
   (ဂုဏ်သိက္ခာကို ခဝါချထားပါ)
👉 လူတစ်ယောက်ကို မယုံဘူးလား...?
   (အပြီးအပိုင် မောင်းထုတ်လိုက်ပါ)

👉 လူတစ်ယောက်ကို ပေးဆပ်ချင်လား...?
    (မျော်လင့်ချက် မထားပါနဲ့)

Monday 7 March 2022

||...နေကြည့်ပါ…||

 မိန်းမတစ်ယောက်ဟာ အယုံအကြည်လွယ်တယ် ခံစားရလွယ်တယ်။

အားနာတတ်တယ် အစွဲအလမ်းကြီးနေတတ်တယ် ဆိုရင်
အဲဒီ မိန်းမတစ်ယောက်ဟာ နောင်တတွေနဲ့
အလိမ်အညာတွေပဲ ခဏခဏ ရနေလိမ့်မယ်။
 
မပြတ်သားရင် အကြိမ်ကြိမ် နာကျင်ရမယ်
မစွန့်လွှတ်ရင် ဘဝပါ ပေးဆပ်နေရမယ်
ဖတ်တွယ်ထားမိရင် လှည့်စားတာ ခံရမယ်။
 
အဲဒီတော့ ရက်စက်တတ်တဲ့ 
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ
အရမ်းချစ်ပြရင် အထင်သေးတာ ခံရမယ်။
 
သူမရှိရင် မနေတတ်ဘူး ခံစားပြနေရင် 
အမြဲအရှုံးပေးနေရမယ်
သစ္စာရှိရှိ ကိုးကွယ်ဖို့ ဆိုတာကလဲ 
တန်တဲ့သူက ရှားတယ်လေ။
 
အဲဒီတော့ မာနကြီးတဲ့ 
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။
နုံလွန်းရင် အချိုးအဖဲ့ ခံရမယ်။
အားနာတတ်ရင် တက်နင်းခံရမယ်။
သနားစိတ် ဝင်သွားရင် ချောင်ပိတ်ရိုက်ခံထိမယ်။
 
အဲ့ဒီတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ
စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပြရင် အစော်ကားခံရမယ်
အသည်းအသန်ဖြစ်ပြရင် ပစ်ချခံရမယ်။
 
အချိန်ပြည့် သတိရနေရင် မျက်ရည်မျက်ခွက်ဖြစ်နေရမယ်။
အဲဒီတော့ အေးစက်စက် 
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ ။

Sunday 6 March 2022

တွေးမိတွေးရာ__?

                                                  
တခုတည်းကို ဆုပ်ကိုင်နေခြင်းသည် 
သစ္စာရှိတာ ဖြစ်နိုင်သလို
တခြားရွေးချယ်စရာ 
မရှိလို့လဲ ဖြစ်နိုင်တယ်။
 
တကယ့်သဘောထားအမှန်က
ရွေးချယ်စရာ ပေါ်လာတဲ့အချိန်ကျမှ 
ထင်ရှားပေါ်ထွက်လာတတ်တယ်။
 
ဧဝဟာ ရွေးချယ် နားထောင်စရာ
တခြားစကား မရှိခင်တုန်းက
ဘုရားစကားကို နားထောင်ခဲ့တယ်။
 
ရွေးချယ်စရာ တခြားစကား ရောက်လာတဲ့အခါ
ဘုရားစကားကို လစ်လျူရှူပြီး ဘုရား တားတဲ့
အသီးကို စားခဲ့တယ်။
 
 လောတဟာ ရွေးချယ်စရာ မရှိခင်အထိ
အာဗြံဟံ အနားမှာ နေခဲ့တယ်။
 
ရွေးချယ်စရာ ရှိလာတဲ့အခါ အာဗြံဟံကို စွန့်ပြီး
သူ့အတွက် ပိုကောင်းမယ်လို့ ထင်တဲ့ သောဒုံနဲ့
ဂေါမောရကို ရွေးခဲ့တယ်။
 
ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ
တို့ကတော့ အကောင်းဆုံးဆိုတာတွေနဲ့ ဘုရားကို
ယှဉ်ပြီး ရွေးခဲ့ရတယ်။
 သူတို့ဟာ ဘုရားကိုသာ ရွေးချယ်ခဲ့ပြီး
ဒုက္ခဆင်းရဲကို ခံယူခဲ့ကြတယ်။
 
ယောဘဟာ ချမ်းသာချိန်မှာ 
ဘုရားကို ချစ်တတ်တယ်။
 ဆင်းရဲချိန်မှာလဲ ဘုရားကို 
အချစ် မလျှော့ခဲ့တဲ့သူဖြစ်တယ်။
 
ယောဘရဲ့ မယားဟာ
ယောဘ ချမ်းသာချိန်မှာ ယောဘကို ချစ်ခဲ့တယ်။
ယောဘ ဆင်းရဲချိန်မှာတော့ ယောဘကိုသာ မက 
ဘုရားကိုပါ ပြစ်တင်ခဲ့တယ်။
 
လောလောဆယ်တော့ သင့် ချစ်သူဟာ
သင့်အတွက် အလှဆုံး အကောင်းဆုံး
ဖြစ်လိမ့်မယ်။
 
တခြားရွေးချယ်စရာတွေလဲ ကြုံလာလိမ့်ဦးမယ်။
အလှအပဆိုတာ ကွယ်ပျောက်တတ်တယ်။
ပျိုမြစ်ခြင်းဆိုတာလဲ ကုန်ဆုံးသွားတတ်တယ်။
 
အိုမင်းခြင်းဆိုတာလဲ မခေါ်ဘဲ ရောက်လာတတ်တယ်။
ပျိုမြစ်ချိန်မှာ တန်ဖိုးထားတဲ့ အချစ်ဟာ စစ်,မစစ်
အိုမင်းချိန်မှာ သိလိမ့်မယ်။
 
သင်နဲ့ကျွန်ုပ်လဲ ဘုရားစကားကို နားထောင်ပြီး
ဘုရားနဲ့အသက်ရှင်သွားလာချိန်တွေ ရွေးချယ်
စရာ မကြုံခင်အထိ မသိမသာ ရှိနေလိမ့်မယ်။
 
 တကယ့်သဘောထားအမှန်က ရွေးချယ်စရာ
ကြုံမှ တကယ် သိလာပါလိမ့်မယ်။
 
ရွေးချယ်စရာ ကြုံလာတဲ့အထိ
သင့်ကို မစွန့်သူဟာ တကယ် သစ္စာရှိတယ်။
 
ဘယ်လိုအခြေအနေပဲ ရောက်ရောက် ဘုရားကို
မစွန့်သူကတော့ တကယ့်ကို မင်္ဂလာရှိတယ်။

Wednesday 2 March 2022

အာဏာရှင် နဲ. ပြည်သူ

 အာဏာရှင်ဆိုတာ ဘယ်တော.မှ 

အရှင်ထွက်လေ.မရှိဘူး၊

ပြည်သူဆိုတာ ဘယ်တော.မှ 

ငြိမ်ခံနေမှာ မဟုတ်ဘူး။

Saturday 18 January 2020

" အစား " instead of

"" ငါ " ဆိုတဲ့ အစား
" ငါတို့ " ဆိုတာကို ပို နှစ်သက်တယ်
" ငါ့ကို " ဆိုတဲ့ အစား " ငါတို့ကို " ဆိုတာကို ပို သဘောကျတယ်
" ငါ ကိုယ်တိုင် " ဆိုတဲ့ အစား
" ငါတို့ ကိုယ်တိုင် " ဆိုတာကို ပို မြတ်နိုးတယ်
 " ငါ့ အတွက် " ဆိုတဲ့ အစား
" သူတို့ အတွက် " ဆိုတာကို
သာ၍ တောင့်တမိတယ်
" ရယူမယ် " ဆိုတဲ့ အစား " ပေးနိုင်တယ် " ဆိုတာကို သာ၍ ခုံမင်မိတယ်
" အတုအယောင် ဟန်ဆောင်ခြင်း " တွေ အစား " ယုံကြည်ခြင်း သစ္စာတရား " ကိုသာ လိုလားပါတယ်။
 ကိုယ် နှစ်သက်လိုလားသော အသက်ရှင်မှု ပုံစံကို " ကိုယ်တိုင် " " ရွေးချယ် " " ဆုံးဖြတ် " ပြီး လောကမှာ ရှင်သန်လျှောက်လှမ်းနိုင်သော
အခွင့်အရေး ဆိုတာ .... လူသား မျိုးနွယ် တစ်ခုသာ ရရှိ လက်ခံပိုင်ဆိုင်ထားသော ဘုရားကပေးတဲ့ " ပြီးပြည့်စုံသော လွတ်လပ်ခြင်း " တစ်ခုပါပဲ ....

" instead of " I " i prefer " We
" instead of " me " i prefer " us " instead of " myself " i prefer " ourselves " instead of " for me "
i prefer " for them " instead of " take " i prefer " give " instead of " fake "
 i prefer " faith " Choices, given by God, are for you to decide and live your life as you prefer.
We have been given a complete freedom to choose how we live.
A.J Rose